ဖိုးပညော (သဗိတ်ကျင်း)
သမီးတို့မျက်ရည်နဲ့ခြေဆေးတဲ့ဆရာမ
အချိုဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေဟာ ပညာတွေတော့
တတ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေး စိတ်စာတ်၊ ဘာသာရေးစိတ်ဓာတ် မရှိတော့ ကိုတတ်ထားတဲံ
ပညာတွေက အလကားပါပဲ။ ဒီပညာတွေတတ် ဖို့ဆိုတာ မိဘတွေက ငွေကုန်ကြေးကျခံပြီး သင်ပေးခဲ့ရတာ
ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတော်အစိုးရကလည်း အခမဲ့သင် ပေးခဲ့ရပါတယ်။
ဒီလိုဘာလို့သင်ပေးခဲ့ရတာလဲဆိုရင် နိုင်ငံတော်အတက်၊ လူမျိုးအတွက်ဘာသာသာသနာအတွက်၊ နောက်ပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ဘဝလမ်းကြောင်းနိုင်ဖို့အတွက် သင်ပေးခဲ့ရတာဖြစ် တယ်။ဒီစကားလေးကို
ဘာလို့ပလ္လင်ခံနေရတာလဲဆိုရင် အမျိုးဘာသာပေါ် သစ္စာမဲသွားတဲ့ တက္ကသိုလ် ဆရာမ တစ်ယောက်ရဲ့အကြောင်းကိုပြောပြချင်လို့ပဲဖြစ်ပါတယ်။ဒီဆရာမရဲ့
မိုက်လုံးကြီးထွားပုံကတော့ သြချလောက် အောင် အံ့သြဖို့ကောင်းပါတယ်။
စာရေးသူနဲ့ တက္ကသိုလ်ဆရာမကတော့ ရင်းနှီးမှု့မရှိပါဘူး။
သူ့ရဲ့တပည့်မလေး မူယာချိုနဲ့သာရင်းနှီးမှု့ရှိကြတာပါမူယာချိုဆိုတဲ့မိန်းခလေးကဘုရားဈေးမှာနိဗ္ဗာန်ကုန်ရောင်းနေတဲ့သူလေးပါ။ တစ်နေ့မှာ တက္က သိုလ်ဆရာမ က သူ့ရဲမင်္ဂလာပွဲကို တက်ရောက်ဖို့
သူ့ရဲ့တပည့်များ ဖြစ်ကြတဲ့ ကျောင်းသားကျောင်းသူ အချို့ ကိုဖိတ်ကြားခဲ့ပါတယ် ။ အဲ့ဒီအထဲမှာ
မူယာချိုဆိုလည်း ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
မူယာချိုက နိဗ္ဗာန်ကုန်ရောင်းသူဆိုတော့ သူ့ဆရာမကိုးကွယ်ဆည်းကပ်ဖို့အတွက်
ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မင်္ဂလာလက်ဖွဲ့ဖို့အတွက် ပင့်ဆောင်သွားခဲပါတယ်။ မင်္ဂလာပွဲရောက်တော့
သူ့ဆရာမရဲ့အမျိုးသား ကတခြားဘာသာကို ကိုးကွယ်ယုံကြည်တဲ့ လူမျိုးခြား ဖြစ်နေပါတယ်။
မူယာချိုလည်း သူ့ဆရာမရဲ့အဖြစ်ကိုကြည့်ပြီး
တော်တော်လေးစိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ အရင်က ဆရာမဆိုတဲ့ဂုဏ်ကျေးဇူးနဲ့ အထင်ကြီး လေးစားခဲ့မိတာ
တွေလည်း အခုတော့သဲထဲရြေသွန်သလို ဖြစ်သွားခဲ့ရပါတယ်။ ဆရာမ ကိုယ့်အိုးကိုယ့်အိမ်နဲ့ ဖြစ်တဲ့အခါ
အိမ်ဦး ခန်းမှာ ကိုးကွယ်ဆည်းကပ်ဖို့ မင်္ဂလာဦး လက်ဆောင်အဖြစ် ပင့်ဆောင်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်
ဟာလည်း အခုတော့ ဆရာမအတွက် တန်ဖိုးမရှိ ဖြစ် သွားခဲ့ရပါတယ်။
ဆရာမဖိတ်ကြားခဲ့တဲ ကျောင်းသူကျောင်းသားအားလုံး
ဆရာမရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါ တယ် ဆရာမရဲကမင်္ဂလာပွဲဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့
ဓလေ့ထုံးတမ်းအတိုင်း မင်္ဂလာဆောင်တာ မျိုးမဟုတ်ဘဲ လူမျိုး ခြား၊ ဘာသူခြားတွေရဲ့ ဒလေ့ထုံးတမ်း
အတိုင်း မင်္ဂလာ ဆောင်တာဆိုတော့ သတို့သမီး ဖြစ်သူ ဆရာမဟာ သတို့သားဖြစ်သူ လူမျိုးခြားဘာသာခြားရဲက
ခြေဆေးရေ ၊ လက်ဆေးရေကို သောက် လည်းသောက် ၊
ခန္ဓာကိုယ်ပေါ်ကိုလည်း ပက်ဖြန်းခြင်းခံရပါသတဲ့။
ဒီအချိန်မှာ မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ ကျေားသားအချို့က
သူတို့ရဲ့ဆရာမကိုကြည့်ပြီး အံကြိတ်ခံစားခဲ့ ရသလို ကျောင်းသူအချို့ကတော့ မျက်ရည်စိုရွဲ
ငိုပွဲတွေ ဖြစ်ခဲ့ရပါတယ်။ မယာချိုလည်း မင်္ဂလာလက်ဆောင်အ ဖြစ်ပင့်ဆောင်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို
လက်ဖွဲ့ထိုင်ခုံမှာ ထိုင်နေကြတဲ့ အမျိုးသမီးငယ်များကို အကျိုးအ ကြောင်းပြောပြပြီး ပြန်လည်
ပင့်ဆောင်လာခဲ့ပါတယ်။
နယ်ဘက်က မိတ်ဆွေတစ်ယောက်လည်း သူတို့နယ်ဘက်မှာ
မူလတန်းပြ ကျောင်း ဆရာမတစ် ယောက်ဟာ လူမျိုးခြား ဘာသာခြားနဲ့အိမ်ထောင်ကျပြီး လူမျိုးခြားဘာသာခြား
ဇာတ်ထဲဝင်သွားကြောင်း ပြောပြဖူးပါတယ်။ ဒီလိုပညာတတ်တဲ့ ရှေ့ဆောင်လမ်းပြ ဖရာမတွေကအစ စည်းကမ်းမရှိ
လင်ယူပက်စက်မှု့ တွေကြောင့် သူတို့ကိုမှီပြီး ပညာသင်ယူနေတဲ့တပည့်သားသမီးတွေအနေနဲ့ မျက်စိလည်လမ်းမှားပြီး
အတုလိုက်ကုန်မှာတောင် စိုးရိမ်နေရတဲ့ နေအထားမှာရှိနေရပါတယ်။
ဒီအကြောင်းတွေဟာ ဖတ်ကောင်းအောင် တမင် လုပ်ကြံပြီး
ရေးထားတာမဟုတ်ပါဘူး။လောကမှာ မဖြစ်နိုင်ဖူး၊ မဟုတ်နိုင်ဘူးဆိုတဲ့ အရာတွေဟာ တစ်ခါ တစ်ရံမှာ
အဟုတ်တကယ် ဖြစ်လာတဲ့အခါ အားလုံး အံ့သြကြရပါတယ်။
အခုပြောခဲ့တဲ့ ဆရာမတွေဟာ သူတိုကရဲ့ပညာအရည်
အချင်းဟာ သူတစ်ပါးတွေဟာ သူတို့ရဲ့ပညာ အရည်အချင်းစာ သူတစ်ပါးတွေအပေါ်မှာ ဆရာလုပ်နေတာဆိုတော့
ပေါ့သေးသေးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သူတိုကရဲ့လုပ်ရပ်နဲ့ အမျိုးဘာသာအပေါ်မှာ သစွာမဲ့မှု့ကတော့မူကြိုအဆင့်ရှိတဲ့
ကလေးကတောာင် ရှုတ်ချမိမှာ သေချာပါတယ်။
ဒီအကြောင်းလေးတွေကို တွေးမိရေးမိတိုင်း အမျိုးဘာသာအတွက်
တော်တော် လေးကိုပဲ စိတ်မချမ်း မသာဖြစ်ရပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးလေးတွေ လူမျိုးခြား
ဘာသာခြားတွေကို လင်လုပ်နေကြတာကိုလည်း အားမလို အားမရဖြစ်မိပါတယ်။
အချို့ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးလေးတွေ ပညာအလင်းအားကောင်းကြပါတယ်။
ဒါပေမယ့် အချစ်မျက်စိကြတော့ ကန်းနေကြပါတယ်။ မိဘတွေက မိမိတို့ကို ပညာသင်ပေးတယ်ဆိုတာ
စဉ်းစားတတ်အောင် ၊ ချင့်ချိန်တတ်အောင် ၊ တွေးတောကြံစည်မှုတွေ မှန်ကန်အောင်သင်ပေးခဲ့တာ
ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် ဆရာ ၊ ဆရာမဆိုတာကျောင်းသားကျောင်းသူတွေရဲ့
ပညာအလင်းပြ ကြယ်တာရာကြီးတွေဟာ အရောင်မှေးမှိန်နေလို့ မဖြစ်ပါဘူး။ အရောင်မှေးမှိန်နေရင်သူတို့ကို
မှီခိုအားထား လျှောက်လှမ်းနေကြတဲ့ ကျောင်းသူကျောင်းသားတွေမှာလည်း စမ်းတဝါးဝါး လမ်းလျှောက်ရသလိုမျိုးဖြစ်နေ
တတ်ပါတယ်။ ဒါကြောင့်မိုက ဆရာ၊ ဆရာမတွေ အနေနဲ့ မိမိကိုယ်ကို စံပြပုဂ္ဂိုလ်ဖြစ်ထိုက်အောင်
အရောင် တွေလင်းလက်တောက်ပနေဖို့လိုပါတယ်။
ဘယ်လိုအရောင်အမျိုးတွေလည်းဆိုရင်
အမျိုးသားရေးနဲ့ ပတ်သတ်လာရင် အမျိုးကိုချစ်မြတ်နိုးတဲ့ မျိုးချစ်စိတ်ဓာတ်အရောင်တွေ၊ ဘာသာရေးပတ်သက်လာရင်
ဘာသာသွေး စိတ်အရောင်တွေ ၊ ဒီအရောင် တွေဟာဆရာ၊ ဆရာမတွေ မှာ အမြဲတမ်း တဖိတ်ဖိတ် တလက်လက်
နဲ့ ဖြစ်နေရပါ့မယ်။ ဒါမှ မိမိတို့တပည့် သားသမီးတွေကို အမျိုးကို ဘယ်လိုချစ်ရမယ် ၊ ဘာသာကိုဘယ်လို
လေးစားတန်ဖိုးထားရမယ်ဆိုတာသင် ပြပေးလို့ရမှာ ဖြစ်ပါတယ်။

No comments:
Post a Comment